နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖလမ်းမြို့နေရပ်ပြန်ပြည်သူများကို နွေးထွေးစွာကြိုဆို
ဩဂုတ်လ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ သြဂုတ်လ ၂၇ ရက်ညနေပိုင်းတွင် ကလေးမြို့မှ ဖလမ်းမြို့သို့နေရပ်ပြန်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ကြိုဆိုခဲ့ပါသည်။
standard