BAJ အဖွဲ့မှ ရခိုင်ပြည်နယ်အတွင်း ကျောင်း (၁၀၀) ဆောက်လုပ်ရေးစီမံကိန်း၏ပဉ္စမနှစ် စီမံကိန်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များဆိုင်ရာအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆

     နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အာရှ-ဂျပန် ပေါင်းကူးအဖွဲ့ (BAJ) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်း ကျောင်း (၁၀၀) ဆောက်လုပ်ရေးစီမံကိန်း၏ စီမံကိန်းပဉ္စမနှစ် ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ ၌ (၂၆-၉-၂၀၁၇) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် BAJ မှ စီမံကိန်း ပဉ္စမနှစ် အတွင်း စာသင်ကျောင်းဆောက်လုပ်မှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များအတွက် နားလည်မှုစာချွန်လွှာ သက်တမ်းအသစ် ရေးထိုးဆောင်ရွက်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။