ဗန်းမော်မြို့တွင်အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းအပွဲအခမ်းအနားကျင်းပ

ဗန်းမော်၊ အောက်တိုဘာ   ၆
    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဗန်းမော်)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
    ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာ တွင် ဒီကနေ့ သင်တန်းဆင်းသွားကြတဲ့ သင်တန်းသူများအနေဖြင့် အိမ်တွင်းမှု ပညာရပ်များကို အသုံး ပြုပြီး ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြုလုပ်နိုင်သွားကြမယ်ဆိုရင် သင်တန်းကျောင်း ဖွင့်လှစ်ပေးရခြင်းရဲ့ရည်ရွယ်ချက်များအောင်မြင်မှာဖြစ်ပြီးမိမိတို့ အရပ်ဒေသသို့ ပြန်လည်ရောက်ရှိတဲ့ အချိန်မှာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီ‌ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီးကျောင်းအုပ်ဆရာမကြီးဒေါ်သိင်္ဂီအေးကသင်တန်းကာလအတွင်း သင်ကြားပို့ချပြီးစီးမှုများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
    ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ဆုရရှိသည့် သင်တန်းသူများက လက်ခံရယူခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။
    ထို့နောက် ခင်းကျင်းပြသထားသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသူများ၏ ဖန်တီးချုပ်လုပ်ထားသည့် လက်ရာများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph