ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဆီဆိုင်  အောက်တိုဘာ ၁၁
    အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။ 
   အခမ်းအနားတွင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်) ကျောင်းအုပ်  ဒေါ်ခင်စန်းဝင်း က သင်တန်းဖွင့်လှစ်ခဲ့မှုမှတ်တမ်းကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ထူးခွန်ဆုရရှိသည့် သင်တန်းသူတစ်ဦးကို သင်တန်းထူးချွန်ဆုအားလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သင်တန်းသူများကို သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။ 
   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က သင်တန်းကျောင်းမှ ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ ခေတ်မီဒီဇိုင်းလက်ရာများကိုကြည့်ရှုသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသူ ၃၀ တက်ရောက်ကာ သင်တန်းကာလမှာ  မေလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြာင်း သိရသည်။ 
 

Post Paragraph