ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင် စံပြကျေးရွာရှိ အမျိုးအမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် မူးယစ် ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိခန်းမ၌ ဆောင်ရွက်သည်။
ဟောပြောပွဲတွင် ဆီဆိုင်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက မူးယစ်ဆေးဝါး သုံးစွဲ ခြင်း၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဘန်းယဉ်နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး ခွန်ကျော်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ ဆိုက်ခေါင်ရဲကင်းမှူး ရဲအုပ်နိုင်နိုင်ထွန်းက လူကုန်ကူးမှု အန္တရာယ်နှင့် တာဆီးကာကွယ်ရေးအကြောင်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။