အောက်တိုဘာ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကျောက်လမ်းခင်းခြင်း(၁၀)မိုင် ခွင့်ပြုငွေကျပ် ၁၀၆၆ ဒဿမ ၇၃ သန်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁၁၀၀ ပေ ခွင့်ပြုငွေကျပ် ၁၂ ဒဿမ ၉ သန်း၊ (၂)ဖာလုံ လမ်းချဲ့ခြင်း၊ Step Bar ခံခြင်း ခွင့်ပြုငွေကျပ် ၈ ဒဿမ ၃၅၅ သန်း၊ (၃၅)ပေ သစ်သားတံတားပြုပြင်ခြင်း ခွင့်ပြုငွေကျပ် ၈ ဒဿမ ၃၄၄ သန်းနှင့် Box Culvert(၂၃)စင်း တည်ဆောက်ခြင်း ခွင့်ပြုငွေကျပ် ၉၆ ဒဿမ ၇၉၄ သန်း စုစုပေါင်းခွင့်ပြုငွေကျပ် ၁၁၉၃ ဒဿမ ၁၂၃ သန်းဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူလူထုများအတွက် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ကျေးလက်နှင့်မြို့ပြ လူမှုစီးပွားဘဝများ ကွာဟမှုကို လျှော့ချစေနိုင်ခဲ့သည့်အပြင်၊ ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်များသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်သည့်အတွက် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် တာဝန်ယူဆောင်ရွက်ပေး ခဲ့သောကုမ္ပဏီများအား အထူးကျေးဇူးတင်ရှိနေကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်များအရ ကြားသိနေရကြောင်း သိရှိရပါသည်။