နေပြည်တော် အောက်တိုဘာ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ရောက်ရှိ၍ တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်နှင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ထားဝယ်)သို့ ရောက်ရှိကာ သင်တန်းကျောင်းရှိ အုပ်ချုပ်မှုရုံး၊ စားရိပ်သာ၊ ကျောင်းသားနှစ်ထပ်အိပ်ဆောင်၊ ၆ ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ထားဝယ်)သို့ ရောက်ရှိခဲ့ပြီး သင်တန်းကျောင်းခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးနှင့် စက်မှုလက်မှု သင်တန်းကျောင်း ကျောင်းအုပ်တို့က ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများ၏ တင်ပြချက် များအပေါ် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြား ခဲ့ပြီး ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ၄ ခန်းတွဲနှင့် ၂ ခန်းတွဲ နှစ်ထပ် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့သို့ လှည့်လည်ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျေးရွာ ကျွန်းပတ်လမ်း ၁၄ မိုင် ဖောက်လုပ်ပြီးစီးမှု အခြေအနေနှင့် အဆိုပါလမ်းပေါ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် သံကူကွန်ကရစ်တံတား ၆၀ ပေ နှင့် ၇၀ ပေ တည်ဆောက်မည့် နေရာအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဇာဒက်ကြီးကျွန်း အရှေ့ဘက်ခြမ်း ကျွန်းပတ်လမ်း (လျှာကျွန်းထိ) မြေသားလမ်း ၂၆ မိုင် ၁ ဖာလုံ အနက် ၆ မိုင် ဖောက်လုပ်ပြီး အဆိုပါ လမ်းပိုင်း ပေါ်တွင် Box Culvert ၂၆ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ သံကူကွန်ကရစ်တံတား ၁၀၀ ပေ၊ ၈၀ ပေ၊ ၅၀ ပေ တည်ဆောက်မည့် နေရာများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော ၂၀ မိုင် ၁ ဖာလုံ အနက် ၁၀ မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။