ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်း ဖွင့်လှစ်ခြင်းဆိုင်ရာစီမံကိန်း (Training Programme for Enhancing the Leadership Potential of Myanmar State Government's Officials)

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁.၅ သန်းဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၅ နှစ် သက်တမ်းရှိ ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်း ဖွင့်လှစ်ခြင်းဆိုင်ရာစီမံကိန်းအား ၁၂-၆-၂၀၁၃ ရက်နေ့ တွင် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ပါသည်။ 

စီမံကိန်းသက်တမ်းကာလအတွင်း ‌ ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်း ၃ ကြိမ် နှင့် အဆင့်မြင့်အရာရှိများစွမ်းရည်မြှင့်တင်ရေးသင်တန်း ၁ ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား/သူ ၁၅၉ ဦး တက်ရောက်ခဲ့သည့်အနက်မှ အုပ်ချုပ်သူအပါအဝင် သင်တန်းသား/သူ ၇၅ ဦးကို စင်္ကာပူ နိုင်ငံ National University of Singapore, Lee Kwan Yew School သို့ သင်တန်းနှင့် လေ့လာရေး ခရီးစဉ် ၃ ကြိမ် စေလွှတ်ပေးခဲ့ပါသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းဆောင်ရွက်မှုကို အကြောင်းအမျိုးမျိုးကြောင့် ခေတ္တဆိုင်းငံ့ထားခဲ့ပြီး ၃၁-၃-၂၀၁၇ ရက်နေ့တွင် MoU ကို ပြန်လည်ပြင်ဆင် လက်မှတ်ရေးထိုးခဲ့ပါ သည်။ MoU ပြင်ဆင်ချက်အရ ‌ ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်း ၁ ကြိမ်နှင့် အဆင့်မြင့် အရာရှိများစွမ်းရည်မြှင့်တင်ရေးသင်တန်း ၁ ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား/သူ ၅၅ ဦး တက်ရောက်ခဲ့သည့်အနက်မှ အုပ်ချုပ်သူအပါအဝင် သင်တန်းသား/သူ ၃၂ ဦးကို ဂျပန်နိုင်ငံ၊ International University of Japan သို့ သင်တန်းနှင့် လေ့လာရေးခရီးစဉ် ၂ ကြိမ် စေလွှတ်ပေးခဲ့ ပါသည်။

ဂျပန်နိုင်ငံ၊ The Nippon Foundation နှင့် ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၆ သန်းဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၂ နှစ် သက်တမ်းရှိ ဒုတိယအကြိမ်နားလည်မှုစာချွန်လွှာအား    ၂၁-၃-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ခေါင်းဆောင်မှုစွမ်းရည်တိုးမြှင့်ရေးသင်တန်း ၂ ကြိမ် နှင့် အဆင့်မြင့်အရာရှိများစွမ်းရည်မြှင့်တင်ရေးသင်တန်း ၃ ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား/သူ ၁၀၅ ဦး တက်ရောက်ခဲ့သည့်အနက် အုပ်ချုပ်သူအပါအဝင် သင်တန်းသား/သူ ၆၉ ဦးကို ဂျပန်နိုင်ငံ၊ International University of Japan သို့ သင်တန်းနှင့် လေ့လာရေးခရီးစဉ် ၆ ကြိမ် စေလွှတ်ပေးခဲ့ ပါသည်။
 

Post Paragraph