ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲ

ရန်ကုန် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သည် (၂၉-၇-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်သော ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၃) သင်တန်း ဆင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊သင်တန်းနည်းပြများ၊ဝန်ထမ်းများ၊သင်တန်းသူများနှင့် တွေ့ဆုံ၍အမှာစကား ပြောကြားခြင်း၊ ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်း အမှတ်စဉ် (၁၃) သင်တန်းသူများ၏ ချုပ်လုပ်လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ သင်တန်းသူများအား အားပေးဆုံးမစကား မြွက်ကြားခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၁၃) သင်တန်းသူ (၁၀၃)ဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်း (၈၂)ဦး၊ စုစုပေါင်း (၁၈၅)ဦး တက်ရောက်ခဲ့ပါသည်။

Post Paragraph