ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်တိုင်းရင်းသားမိသားစုများအတွက် ရိက္ခာများ ဒုတိယအကြိမ်ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီလ ၄ ရက်    
    နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်တိုင်းရင်းသားမိသားစု များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ရိက္ခာများ ဒုတိယအကြိမ်ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပသည်။    
    ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်း အတွင်းဝန် ဦးရဲနိုင်က ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်တိုင်းရင်းသား မိသားစုများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီရိက္ခာများ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများထံ အကူအညီရိက္ခာများ လွှဲပြောင်းပေးအပ်သည်။
    ယခု ကျင်းပပြုလုပ်ခဲ့သော အခမ်းအနား၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်တိုင်းရင်းသားမိသားစုများအတွက် ဆန်အိတ် (၃၀၀၀)၊ ဆီ ပိဿာ (၆၀၀၀)၊ ဆား ပိဿာ (၆၀၀၀) ၊ ပဲ ပိဿာ (၆၀၀၀) နှင့် စောင်အထည် (၅၀၀၀) တို့အား ထောက်ပံ့ပေးအပ်သည်။
    အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

Post Paragraph