ကျွန်းစုမြို့နယ် မော်တုံးကြီး-တောင်သုံးလုံးလမ်းပေါ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက်လမ်း ၁၁/၀ မိုင်ပေါ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
    ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၇၆ ဒသမ ၂၁ သန်းဖြင့် လမ်းပြင်/ထိန်း လုပ်ငန်း ၁၁/၀ မိုင်၊ ပေ ၂၀ တံတားတစ်စင်းနှင့် ငါးပေ Box Culvert ရှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
    အဆိုပါလမ်းပိုင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လမ်းပြုပြင်ထိန်းသိမ်းခြင်း၊ တံတား၊ Box Culvert များ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် မြို့ပြနှင့် ကျေးလက်ဒေသ ချိတ်ဆက်သောလမ်းဖြစ်သဖြင့် လမ်းကြောင်းပေါ်ရှိ ကျေးရွာငါးရွာနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

 

Post Paragraph