ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Bridge Asia Japan တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၇၄ သန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၁ နှစ် သက်တမ်းရှိ ကရင်ပြည်နယ်၊ ဘားအံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းစီမံကိန်း အား ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။
![]() |
![]() |
နားလည်မှုစာချွန်လွှာအရ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၁)၊ လျှပ်စစ်ပိုင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁၁)၊ မော်တော်ယာဉ်/စက်ပြင် သင်တန်းအမှတ်စဉ် (၁၀) နှင့် ဂဟေသင်တန်း အမှတ်စဉ် (၉) တို့အား ၂၄-၂-၂၀၂၀ ရက်နေ့တွင် သင်တန်းသား ၉၀ ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၄-၃-၂၀၂၀ ရက်နေ့မှစ၍ သင်တန်းခေတ္တရပ်နားခဲ့ပါသည်။
![]() |
![]() |
Bridge Asia Japan (BAJ) အစား Sustainabridge(SB) အမည်ဖြင့် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့(INGO)အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင် ရေးအဖွဲ့သို့မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ တရားဝင်မှတ်ပုံတင်ရရှိခဲ့ပြီး ၃၀-၇-၂၀၂၁ ရက်နေ့တွင် Sustainabridge (SB) အမည်ဖြင့် MoU လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခင် BAJ အမည်ဖြင့် လက်မှတ်ရေးထိုးခဲ့သည့် MoU သက်တမ်းကာလအတွင်း ခေတ္တရပ်နားထားခဲ့သော ဆောက်လုပ်ရေး သင်တန်းအမှတ်စဉ်(၁၁) မှ သင်တန်းသား ၅ ဦး၊ လျှပ်စစ်ပိုင်းဆိုင်ရာသင်တန်းအမှတ်စဉ်(၁၁) မှ သင်တန်းသား ၄ ဦး၊ မော်တော်ယာဉ်/စက်ပြင်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသား ၁၇ ဦးနှင့် ဂဟေသင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသား ၁၀ ဦး၊ စုစုပေါင်း သင်တန်းသား ၃၆ ဦးဖြင့် သင်တန်းများအား ၂၂-၁၁-၂၀၂၁ ရက်နေ့မှ ၂၅-၃-၂၀၂၂ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။



