၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၅၁၆၀ ဒသမ ၄၁၉ သန်းဖြင့် မြေလမ်းနှစ်မိုင် ခြောက်ဖာလုံ၊ ကျောက်လမ်း နှစ်မိုင်၊ ကွန်ကရစ်လမ်း ၁၀ မိုင်် တစ်ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ လမ်းတစ်မိုင် လေးဖာလုံ၊ Box Culvert ငါးစင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းနှစ်ခု၊ ရေစင်လုပ်ငန်းတစ်ခု၊ ရေကန်လုပ်ငန်းတစ်ခု၊ ကျောက်ကြီးစီလုပ်ငန်း တစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသည်။
အဆိုပါ လုပ်ငန်းများအနက် ခွင့်ပြုငွေကျပ် ၉၈၉ ဒသမ ၃၉၇ သန်းဖြင့် ဆောင်ရွက်သည့် ဘားအံမြို့နယ် တောင်ဝိုင်း- တောင်ပတ်လမ်း နှစ်မိုင်အနက် ပေ ၇၉၂၀ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၏ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မတ် ၃ ရက်တွင် ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။