ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(UNDP - United Nations Development Programme) နှင့် ပူးပေါင်းဆောင်ရွက်မှု

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသမှ ပြည်သူလူထု ဆင်းရဲချို့တဲ့မီု ပပျောက်ရေး ဦးတည်ချက်ဖြင့် ၁၉၉၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ လူ့စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် (၄) ဆင့်နှင့် လူမှုအသိုင်းအဝန်းအတွင်း သဟဇာတဖြစ်စေရန် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအတွက် ပံ့ပိုးခြင်း စီမံချက်တို့အား အမေရိကန်ဒေါ်လာ ၉၃.၃၂၇ သန်း သုံးစွဲ၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အသေးစား ငွေစုငွေချေးလုပ်ငန်း၊ ဝင်ငွေရ လုပ်ငန်းများ ထောက်ပံ့ခြင်း၊ လမ်း/တံတား နှင့် အခြေခံအဆောက်အဦ ကဏ္ဍ ပံ့ပိုးခြင်းနှင့် အသိပညာပေးခြင်း သင်တန်း စသည့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Post Paragraph