
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လဟယ်-လေရှီး မြို့နယ်ချင်းမြေသားလမ်း ၂၂၅ မိုင် ၄ ဖာလုံအနက် လဟယ်ဘက်ခြမ်း ကျောက်ရောမြေအမာခံလမ်း ၁၀မိုင်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ချင်းဆက်လမ်းအား အမာခံလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာပေါင်း ကိုးရွာမှ အိမ်ခြေ ၂၂၄၇ အိမ်၊ လူဦးရေ ၁၁၂၄၈ ဦးတို့၏ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများတွင် ပိုမိုတိုးတက်ကောင်းမွန် လာစေ နိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


