လှိုင်းဘွဲမြို့နယ် တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးခဲ့ပြီး ဖြစ်သည်။
ရာသီမရွေးသွားလာနိုင်
    အဆိုပါ လှိုင်းဘွဲမြို့နယ် တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်နှင့် မြဝတီမြို့နယ်တို့အတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၁၂၇၀၊ အိမ်ထောင်စု ၁၃၆၁ စု၊ လူဦးရေ ၇၅၀၀ တို့မှာ ရာသီမရွေးသွားလာနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph