နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၁၂ ဒသမ ၇၅၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု လွယ်တမူ- ဖားတီမာ ကျေးရွာချင်းဆက်လမ်း ၁/၅.၅ မိုင်အနက် ၀/၆ မိုင်အား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုနှင့် ချိကယ်ကျေးရွာအုပ်စုတို့ရှိ လွယ်တမူ၊ ဖားတီမာ၊ ဒေါမူကလား၊ ပဒါးညေး၊ ၃ မိုင်ပကြဲ စသည့်ကျေးရွာများမှ လူဦးရေ ၃၀၀၀ ကျော်အပြင် လမ်းအသုံးပြုသူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများအတွက် ရာသီမရွေး အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။