လွိုင်လင်ခရိုင်အတွင်း နယ်စပ်ဒေသလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကြသည်။
    ရှေးဦးစွာ ပင်လုံမြို့ စွန်းလွန်းဝိပဿနာ ကမ္မဋ္ဌာန်းကျောင်းတိုက်အဝင်လမ်း ၁၃၂၁ ပေ ကတ္တရာ ခင်းခြင်းလုပ်ငန်း၊ ယင်းလမ်းပေါ်တွင် ၅ ပေ Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို    ကြည့်ရှုစစ်ဆေးပြီး ပင်လုံမြို့ စွန်းလွန်းဝိပဿနာ ကမ္မဋ္ဌာန်းကျောင်းတိုက်ရှိ RCC နှစ်ထပ်ကျောင်း တိုက် တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိကာ လုပ်ငန်း‌ဆောင်ရွက်ပြီးစီးနေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
    ထို့နောက် ခရိုင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပင်လုံမြို့ကိုးနဝင်းစေတီအနီး ကျူဗော် ကျေးရွာနှင့် ဟွေမုန်ကျေးရွာတို့ကို ဆက်သွယ်သောလမ်း ၁/၂ မိုင် လမ်းတာချဲ့ခြင်းနှင့် အမာခံဗြုန်း ကျောက်ခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများပြီးနေပြီဖြစ်သည်။
    အဆိုပါလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ မှ ခွင့်ပြုရန်ပုံငွေကျပ် ၃၄၂ ဒသမ ၄၀၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Post Paragraph