နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လုံစံ-ပြန်ဆာ - ဝမ်ကပ် (ဟိုခဲ) ကျေးရွာချင်း ဆက်လမ်း ၆ မိုင် ၃ ဖာလုံမြေလမ်းတာချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါ လမ်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် လွိုင်လင်ခရိုင်အတွင်းရှိ ကျေးရွာငါးရွာမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။