လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့စေရန် လမ်းဆုံ-ဟင်လိုင်း-လုံကန်-ဝိန်းကျောင်းမြေသားလမ်းဖောက်လုပ်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ မန်တုံမြို့နယ် လမ်းဆုံ-ဟင်လိုင်း-လုံကန်-ဝိန်းကျောင်း မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
    လမ်းဆုံ-ဟင်လိုင်း-လုံကန်-ဝိန်းကျောင်းလမ်းမှာ အရှည် ၁၅ မိုင်ရှိသည့်အနက် အရှည် ၂ မိုင် ၄ ဖာလုံအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၄၈ ဒသမ ၂၄၀ သန်းဖြင့် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ရှစ်စင်းကို ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
    အဆိုပါမြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက တောင်ပေါ်ဒေသ ကျေးရွာများတွင် လမ်းပန်းဆက်သွယ်မှု လွယ်ကူလျင်မြန်စေပြီး မြို့ပြနှင့် ဆက်သွယ်သွားလာနိုင် မည်ဖြစ်ကြောင်း၊ ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
 

Post Paragraph