နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Lutheran World Federation နှင့် ပူးပေါင်း၍ စာသင်ကျောင်း/ပညာရေး အထောက်အကူပြု လုပ်ငန်းနှင့် လူမှုဖွံ့ဖြိုးရေး စီမံချက်အား ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၃ နှစ် ကာလအတွင်း အမေရိကန်ဒေါ်လာ ၀.၃ သန်းဖြင့် ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်များတွင် မူလတန်းကျောင်းနှင့် ကျောင်းအိမ်သာ ဆောက်လုပ်ခြင်း၊ ကျောင်းပရိဘောဂ ထောက်ပံ့ခြင်း၊ ယင်လုံအိမ်သာ ဆောက်လုပ်ခြင်း၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးခြင်း၊ ရေကောင်းရေသန့်ရရှိရေးနည်းလမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ စီမံခန့်ခွဲမှု အသိပညာပေး ဆွေးနွေးမှု ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော လူမှုစီးပွားဘဝနှင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နိုင်ရန်အတွက် လူထုစွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ဖြန့်ဝေခြင်း တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။