လူမှုအသိုင်းအဝန်းအတွင်း သဟဇာတဖြစ်စေရန် အသက်မွေဝမ်းကျောင်း လုပ်ငန်းများအတွက် ပံ့ပိုးခြင်း စီမံချက်ဆိုင်ရာ ရလဒ်ဘုတ် အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁

     နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လူမှုအသိုင်းအဝန်းအတွင်း သဟဇာတ ဖြစ်စေရန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ပံ့ပိုးခြင်း စီမံချက် ဆိုင်ရာ ရလဒ်ဘုတ်အစည်းအဝေးအား နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ (၂၁-၉- ၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါသည်။

     အစည်းအဝေးတွင် UNDP မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၃-၂၀၁၇) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် လူမှုအသိုင်းအဝန်းအတွင်း သဟဇာတဖြစ်စေရန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ပံ့ပိုးခြင်းစီမံချက်၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် နိုင်ငံဆိုင်ရာအစီအစဉ်အသစ် (၂၀၁၈-၂၀၂၁) နှင့် စပ်လျဉ်းသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Post Paragraph