မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအား ဆိုလာများ သွားရောက်ပေးအပ်

မောက်မယ် ၁၉

            ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ် ဟိုင်လွိုင်ကျေးရွာအုပ်စုအတွင်းရှိ ပန်တောင်ကျေးရွာ၊ ထမ်လင်းကျေးရွာနှင့် နမ့်ယွန်းကျေးရွာတို့တွင် ဆိုလာမီးလင်းရေးအတွက် ဆိုလာများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

            နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးသော ဆိုလာ ၆၆ ချပ်၊ အင်ဗာတာဘက်ထရီတွဲလျက် ၆၆ စုံ၊ LED မီးလုံး ၁၃၂ လုံး၊ ဖန်ချောင်း ၆၆ ချောင်းတို့အား ကျေးရွာသုံးရွာရှိ ဒေသခံပြည်သူများလက်ဝယ် အရောက်ပေးအပ်ခဲ့ပြီး မြို့နယ်လျှပ်စစ်ဌာနမှ ဆိုလာမီးတပ်ဆင်အသုံးပြုပုံ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ သတိပြုရမည့်အချက်များနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို ပြည်သူများအား အသိပညာပေးပြီး လက်တွေ့ဆောင်ရွက်ပေးခဲ့သည့်အပြင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ကုသရေး မြို့နယ်အဆင့်ကော်မတီမှလည်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရှမ်းဘာသာ ဗီနိုင်း၊ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာ Gel ကိုလည်း ပေးအပ်ခဲ့ကြောင်းသိရသည်။