မိတ္ထီလာမြို့နယ်အတွင်း ‌ဆောင်ရွက်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်း‌ဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် သီးပင်ကုန်းကျေးရွာမှ အောင်သုခဓမ္မရိပ်သာသို့ ဆက်သွယ်ထားသည့် မြေသားလမ်း ၁ မိုင် ၃ ဖာလုံအနက် ၄ ဖာလုံကို ၁၂ ပေ အကျယ် ကွန်ကရစ်ခင်းခြင်း၊ အဆိုပါလမ်းပေါ်တွင် (၅x၅x၂၆) ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်း၊ အောင်သုခဓမ္မရိပ်သာကျောင်းဝင်းအတွင်း မော်တော် ဆိုင်ကယ်သွား မြေသားလမ်း ၁ ဖာလုံကို ၁၀ ပေအကျယ်ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများသည် ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး၏ ကြီးကြပ်မှုဖြင့် အဆိုပါ လုပ်ငန်းများဆောင်ရွက် ပေးနိုင်ခဲ့မှုကြောင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုသုံးစုမှ ကျေးရွာ‌ပေါင်း ၁၀ ရွာရှိ ဒေသခံပြည်သူများအနေဖြင့် ဒေသထွက်ကုန်သီးနှံများ ရောင်းဝယ် ဖောက်ကား သယ်ယူပို့ဆောင်ရာ၌ ယခင်ကထက်ပိုမိုလွယ်ကူ ချောမွေ့အဆင်ပြေလာပြီ ဖြစ်သည့်အတွက် ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph