နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၁၆ ဒသမ ၁၉၄ သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှုကို မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်တာဝန်ရှိသူများက မတ် ၂၀ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။
ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
ထို့အပြင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၆၄၉ ဒသမ ၃၉၈ သန်းဖြင့် ကျောက်လမ်း၊ မြေလမ်း တာချဲ့ခြင်း၊ Box Culvert များနှင့် သာသနာရေးလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ သတ်မှတ် ကာလအတွင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။