ဆီဆိုင် နိုဝင်ဘာလ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်) စုပေါင်းခန်းမ၌ မျက်စိနာရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဦးစွာ လူငယ်သင်တန်းကျောင်း၊ကျောင်းအုပ်ဆရာကြီး ဦးခွန်အောင်မန်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ဆီဆိုင်မြို့၊ ဆိုက်ခေါင်တိုက်နယ်ဆေးရုံမှ ဒေါက်တာ ဆွေလဲ့ထူး က လတ်တလောမြို့နယ်အချို့၌ မျက်စိနာရောဂါအဖြစ်များလျက်ရှိကြောင်း၊ မျက်စိနာရောဂါ မဖြစ်အောင် လိုက်နာရမည့်ဆောင်ရန်ရှောင်ရန်များနှင့် မျက်စိနာရောဂါဖြစ်လာပါက အခြားသူများအား ကူးစက်မှု မဖြစ်စေရန် ပြုမူနေထိုင်ရမည့်နည်းလမ်းများနှင့် ကုသရမည့်နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သတင်းစဉ်