မွန်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုရန်ပုံငွေဖြင့် မွန်ပြည်နယ်အတွင်း ကျောက်လမ်း ၁ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း သုံးမိုင်၊ Box Culvert လေးစင်း၊ စက်ရေတွင်း (တွင်းနက်) တစ်တွင်း၊ ဆိုလာရေတင်စနစ်််ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ခုနှစ်ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများအနက် သံဖြူဇရပ်မြို့နယ်အတွင်း ဝဲဝင်ကရာ-ဝယ်ဘိုးတောင်- ဖဲပဒေါ- ဝဲကတာလမ်း ၃ မိုင် ၅ ဖာလုံ အနက်တစ်မိုင်ကတ္တရာခင်းခြင်းနှင့်Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုငွေကျပ် ၃၆၂ ဒသမ ၆၇၈ သန်းဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိသည်။
ကတ္တရာလမ်း ဆောင်ရွက်ပြီးစီးသွားပါက မော်လမြိုင်ခရိုင်အတွင်းဝဲဝင်ကရာ၊ ဝယ်ဘိုးတောင်၊ ဖဲပဒေါ၊ ဝဲကတာ၊ ကျေးရွာများရှိ အိမ်ထောင်စု ၅၀၄ စု၊ လူဦးရေ ၂၉၁၉ ဦးတို့အတွက် အကျိုးပြုပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph