
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)နှင့် မွန် ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြော ကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက် ၇ ရပ်မှာ ပါဝင်သည့် တိုင်းရင်းသားလူငယ်များ ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရန်ဟူသော ရည်မှန်းချက်နှင့်အညီ အခြေခံပညာရပ်များအတွက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းကို ဖွင့်လှစ်ပြီး ခေတ်အဆက်ဆက် ပညာသင်ယူမှု အခွင့်အလမ်းနည်းပါးသော နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များအတွက် အခြေခံပညာသင်ယူနိုင် အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များသည် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအရေးကြီးသည့်အတွက် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် အသက်မွေးဝမ်းကျောင်း ပညာရေးကို အထက်တန်းစားပညာရေးအဖြစ်သတ်မှတ်ပြီး အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ယခုသင်တန်းကို တက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသူများအနေဖြင့် မိမိတို့ကိုယ်တိုင် အသိပညာ၊ အတတ်ပညာများပြည့်ဝသူများဖြစ်အောင် အစဉ်ကြိုးစားပြီး စူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီး မှု၊ လုံ့လဝီရိယပြုမှုတို့ဖြင့် မိမိတို့ဘဝတိုးတက်သည်ထက် တိုးတက်အောင် ကြိုးစားသွားကြပါရန် ပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား သင်တန်းဆင်းအောင်လက်မှတ်ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ သည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသူများ ပြုလုပ်ထားသည့် အိမ်တွင်းမှုပစ္စည်းပြခန်းအတွင်း ကြည့်ရှုအားပေးကာ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

