နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာ၌ ဆိုလာရေတင်စနစ် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ထမုန်ကန်ကျေးရွာအုပ်စု ဥယျာဉ်ကုန်းကျေးရွာ၌ ဆိုလာရေတင်စနစ် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ကန်နီ ကျေးရွာအုပ်စု ကန်နီကျေးရွာ၊ ညောင်ကုန်း (အရှေ့) ကျေးရွာနှင့် (အနောက်) ကျေးရွာတို့တွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးခက်ခဲသည့် ကျေးရွာများမှ ဒေသခံပြည်သူများ တင်ပြတောင်းခံခဲ့သော ဆိုလာရေတင်စနစ် စက်ရေတွင်း တူးဖော်သည့် လုပ်ငန်းရှစ်ခု၊ ဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်း သုံးခု၊ စက်ရေတွင်း တူးဖော်သည့်လုပ်ငန်း ခြောက်ခု၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ခြောက်ခုနှင့် ပျားမွေးမြူ ရေးလုပ်ငန်းနှစ်ခု စုစုပေါင်းလုပ်ငန်း ၂၅ ခု အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။