မူဆယ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ်

မူဆယ် မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းကျောင်းအုပ် ဒေါ်နန်းစောရင်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် သင်ထောက်ကူ ပစ္စည်း၊ သင်ကြားမည့်ဒီဇိုင်းလက်ရာများကို ကြည့်ရှုအားပေးကြသည်။ သင်တန်းကို သင်တန်းသူ ၂၅ ဦး ဖြင့် ၂၂ ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph