နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအုပ်စု၊ ဟိုယကျေးရွာ၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၁၁ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူ များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးနေမှုများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဆိုလာစနစ် လုပ်ငန်းများကို ရေရှည်အသုံးပြုနိုင်စေရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန် ကျေးရွာမှ တာဝန်ရှိသူများကို မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

          မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု ဟိုယကျေးရွာ၌ ယခင်ကမိုးစပါး တစ်မျိုးတည်းကို သာစိုက်ပျိုးနိုင်ရာမှ ယခုအခါ နေရောင်ခြည်စွမ်းအင်သုံးဆိုလာရေတင်စနစ်ဖြင့် ကျေးရွာရှိ ဆီနေ ကြာ၊ ပဲပုတ်နှင့် ရာသီသီးနှံစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ပျိုးမြေ ၁၂ ဒသမ ၅ ဧကကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိမှုကြောင့် ဒေသခံတောင်သူများ၏ လယ်ယာမြေများမှ ထွက်ရှိသော စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်း ခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အကျိုးပြုစေမည် ဖြစ်ကြောင်း သိရသည်။

Post Paragraph