နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကလောမြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကလော ဖေဖော်ဝါရီ ၆
   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကလောမြို့နယ် ကလောဘူတာအနီးတွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် ကလောချောင်း မူလနယ်နိမိတ်မြေတိုင်းတာပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
   ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကလောချောင်းဘေးမြေကာနံရံ ကိုးပေအမြင့် ဆောင်ရွက်နေမှု၊ ရာဂီမုန်တိုင်း ကြောင့် ပျက်စီးသွားသော ရေအေးကန်ရေပေးဝေရေး ပိုက်လိုင်းများ ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ရေအေးကန်သွားလမ်းနှင့် တမံချဉ်းကပ်လမ်း ပြင်ဆင်ဆောင်ရွက်မှု၊ ရာဂီမုန်တိုင်းဒဏ်ကြောင့် ကလောမြို့မောမြေဦးပန်းခြံအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ထားရှိမှု မှတ်တမ်းများ ဓာတ်ပုံများကို ကြည့်ရှုကြသည်။
   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
   ယင်းနောက် ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာတွင် သဘာဝဘေးဒဏ်ကြောင့် လျှိုအတွင်း ရေထွက်ပေါက်မရှိဘဲ ထူးပေါက်ပိတ်ဆို့မှုကြောင့် ရေစီးဆင်းနိုင်ရန် ရေနုတ်မြောင်းတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဒေသခံများက ရေအမြန်ကျဆင်းစေရေးအတွက် ရေမြောင်းတူးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စု ဝန်ကြီး က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
 

video-upload