နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မတ် ၂၅
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
    အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်၍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှု
    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် မတ်လပထမအပတ်အတွင်း သွားရောက် ခဲ့ကြောင်း၊ ထိုသို့ သွားရောက်စဉ်အတွင်း ဘယ်လာရုစ်သမ္မတမစ္စတာ အလက်ဇန္ဒားလူကာရှန်ကို ၏ ဖိတ်ကြားချက်အရလည်း နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဘယ်လာ ရုစ်သမ္မတနိုင်ငံသို့ တစ်ပါတည်းသွားရောက်ခဲ့ကြောင်း။
    ခရီးစဉ်အတွင်း ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပရေး ဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက် လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များကိုလည်း လက်မှတ်ရေး ထိုးနိုင်ခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်ဆောင်ရွက်လိုသည့် စိတ်ရှိသည်ကို တွေ့မြင်သိရှိခဲ့ရကြောင်း၊ အလားတူ လွှတ်တော် များမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံလွှတ်တော်များသို့ မြန်မာနိုင်ငံမှ လေ့လာရေးအဖွဲ့များ စေလွှတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ စိန့်ပီတာစဘတ်နှင့် နိုဗိုစီဗစ်မြို့များသို့လည်း ရောက်ရှိခဲ့ပြီး ဒေသအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ၊ ခရီးသွားကဏ္ဍတိုးတက်ရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ တိုးတက်ရေးကဏ္ဍများကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အာကာသသိပ္ပံဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။
    အလားတူ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သွားရောက်စဉ်ကာလအတွင်း သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်း ဆောင်ရွက် မှုများ၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာများ၊ ဆေးနှင့်ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာများ၊ ပညာရေးကဏ္ဍမြှင့်တင်ရေး ဆိုင်ရာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေး သဘောတူညီချက်များရရှိခဲ့ကြောင်း၊ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ် တစ်ခုဖြစ်ခဲ့ကြောင်း။
ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု
    လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူချိန် ၂ နှစ်တာကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင် ရန်အတွက် စဉ်းစားဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်မှုလိုအပ်နေသည့် အချိန်ဖြစ်ခြင်းကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း၊ မဲဆန္ဒ ရှင်စာရင်းများ မှန်ကန်စွာ ရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်ကောက်ယူရရှိသည့် မြို့နယ် များရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိသည့် မြို့နယ်များလည်းရှိနေ သေးကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများအပေါ်မူတည်၍ ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းကို ကောက်ယူရရှိထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ အား ယခုနှစ် ဒီဇင်ဘာလတတိယပတ်နှင့် စတုတ္ထပတ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ် တို့အတွင်း ကျင်းပပြုလုပ်ရန် လျာထားကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် မဲလက်မှတ်များ ကိုအသုံးပြု၍ ကောက်ယူခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲလက်မှတ်များ အသုံးပြု၍ ရွေးကောက်ပွဲဥပဒေနှင့် မညီညွတ်သော ကြိုတင်မဲပေးမှုများ၊ မဲလက်မှတ်ရိုက်နှိပ်မှုများ၊ ဥပဒေ နှင့်မညီသော အမိန့်နှင့်ညွှန်ကြားချက်များ၊ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် မဲမသမာမှုများ နှင့် မဲစာရင်းများ မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ အဆိုပါတွေ့ကြုံ ခဲ့ရသည့် အတွေ့အကြုံအရ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ နိုင်ငံတကာတွင် ရွေးကောက်ပွဲကျင်းပမှု များကိုလေ့လာ၍ ငွေကြေးကုန်ကျမှုများသော်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီပြီး မဲမသမာမှုပြုလုပ် ရန် မလွယ်ကူသည့် စနစ်ဖြစ်သော Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးရန် ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း၊ မိမိတို့ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်သရွေ့ တစ်နေ့တည်း ကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင် ပြုလုပ်ရန်၊ ကြိုတင်ကြေညာရန် ပြဋ္ဌာန်း ပါရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိ ဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲအား တစ်ကြိမ်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲအထမြောက်သည့် အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များ ကျင်းပရာတွင် အစည်းအဝေးအထမြောက်ခြင်းနှင့်ပတ်သက်၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များနှင့် ပတ်သက်၍လည်း အလားတူပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်အပ်ရခြင်းဖြစ် သဖြင့် အရေးကြီးကြောင်း။
    သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Electronic Voting Machine များဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်းနှင့် မဲရလဒ်ရရှိခြင်းများ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းအား အတည်ပြုဆောင် ရွက်နိုင်ကြောင်း၊ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်၍ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်မဲကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဆောင်ရွက် နေမှုများကို လေ့လာဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နိုင်ငံများတွင် ကြိုတင်မဲပေးခြင်းများကို ခွင့်မပြုထားကြောင်း၊ Electronic Voting Machine ဖြင့် ဆန္ဒမဲပေးခြင်းဖြစ်သဖြင့် ကိုယ်တိုင်မဲပေး ရန် လိုအပ်ကြောင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်ပသို့တရားဝင်သွားရောက်လျက်ရှိသည့် ပြည်သူများ၏ ဆန္ဒမဲပေးနိုင်ရေး အတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ ကြိုတင်မဲပေးခွင့်နှင့်ပတ်သက်၍ အားလုံးဝိုင်း ဝန်းစဉ်းစားဆွေးနွေးကြစေလိုကြောင်း၊ မည်သို့ပင်ဖြစ်စေလာမည့်နှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုကြောင်း။
    နိုင်ငံရေးပါတီများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ဥပဒေနှင့်အညီ ခွင့်ပြုပေးထားကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စည်းကမ်းသတ်မှတ်ချက်များ ကျော်လွန် သွားသဖြင့် ပယ်ဖျက်ခဲ့ရသည့် ပါတီများကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်း ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏အာဏာကို ဥပဒေအရ ခေတ္တထိန်းသိမ်းဆောင်ရွက်နေ ခြင်းဖြစ်သည်ကို ဥပဒေကိုနားလည်သူများက လက်ခံကြပြီး နားမလည်သူများ၊ အာဃာတတရား ထားသူများက ငြင်းပယ်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ကြမည့်သူများအနေဖြင့် သိရမည် မှာ လွှတ်တော်ဟူသည် ဥပဒေပြုရေးကို ဦးစားပေးခြင်းပင်ဖြစ်ကြောင်း၊ ဥပဒေပြုရေးအာဏာ အနေဖြင့် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ဥပဒေပြဋ္ဌာန်း၍ တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကျောင်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် ပါတီနိုင်ငံရေးဆောင် ရွက်မည့်သူများအနေဖြင့် ဥပဒေကိုသိရှိရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ယင်းအချက်ကို အလေးထား စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၂၀၂၅ အလွန် ဖြစ်ပေါ်လာနိုင်မည့် အလားအလာများနှင့် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲ မှုများအပေါ် သင်ခန်းစာယူဆောင်ရွက်နိုင်ရန်
    ၂၀၂၅ အလွန် ဖြစ်ပေါ်လာနိုင်မည့် အလားအလာများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်) ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်းဥပဒေကို ရေးဆွဲချိန်၌ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မှီငြမ်း၍ လေ့လာရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပါလီမန် ဒီမိုကရေစီစနစ်ကို သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်သည် ဒုတိယကမ္ဘာစစ်အလွန်ကာလဖြစ်ပြီး ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့ အားပြိုင်ခဲ့မှုများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ဆိုရှယ်လစ်စနစ်ကို လက်ခံသည့်အုပ်စု၊ လစ်ဘရယ်အယူဝါဒပိုင်းကို လက်ခံသည့်အုပ်စုနှင့် ဒီမို ကရေစီကို သွားမည့်အုပ်စုဟူ၍ သုံးဖွဲ့ပြန်ကွဲသွားခဲ့ကြောင်း၊ သမိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် သင်ခန်း စာများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ကို အမှန်တကယ်လျှောက်လှမ်းမည်ဆိုပါ က နိုင်ငံရေးအကြောင်းကို သိရှိနားလည်သူများဖြစ်ရန်လိုအပ်ပြီး အသိပညာ၊ အတတ်ပညာပေါ ကြွယ်ဝရန် လိုအပ်မည်ဖြစ်ကြောင်း။
     ၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့် ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေး အတွက် မည်ကဲ့သို့ ထိန်းကျောင်းဆောင်ရွက်သွားရမည်ကို စဉ်းစားဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ပထဝီအနေအထားအရလည်း မိမိတို့နိုင်ငံအနေဖြင့် သဘောသဘာဝမတူညီသည့် အင်အားကြီးနိုင်ငံကြီးနှစ်ခုအကြားတွင် နယ်နိမိတ်ထိစပ်တည်ရှိနေပြီး ပထဝီအနေအထားအရ စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ ပထဝီအနေ အထားအရ စိန်ခေါ်မှုများစွာရှိနေသည်ကို သိရှိနေရမည်ဖြစ်ကြောင်း။
ပညာရေးနှင့်ပတ်သက်၍ မဖြစ်မနေပြုပြင်ပြောင်းလဲရမည်
    ယင်းအနေအထားတွင် မိမိတို့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အသိပညာ၊ အတတ်ပညာ ပေါကြွယ်ဝရေးကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ သန်းခန့်ရှိပြီး လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြနေသူများဖြစ်ကာ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေသူများဖြစ်ကြောင်း၊ စာတတ်မြောက်ခြင်းနှင့် ပညာတတ်မြောက်ခြင်းရာခိုင်နှုန်းကို ခွဲကြည့်မည်ဆိုပါက စာတတ်မြောက်မှုသည် ၉၀ ရာခိုင်နှုန်းနီးပါးခန့်ရှိပြီး အတတ်ပညာ၊ အတန်း ပညာတတ်မြောက်မှုသည် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းထက်နည်းပါးသည်ကို တွေ့ရကြောင်း၊ ပညာရေးအရ အတတ်ပညာအရ အားနည်းသူများဖြင့် နိုင်ငံတော်ကို တည်ဆောက်မည်ဆိုပါက စိန်ခေါ်မှုများစွာကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဖြစ်ပြီး ကျောင်းတက်ရောက်၍ ကြီးပြင်းခဲ့သူများနှင့် တက်ရောက်ခြင်းမရှိဘဲ ကြီးပြင်းခဲ့သူ များသည် စိတ်ဓာတ်၊ စည်းကမ်းပိုင်းဆိုင်ရာများ၊ လူမှုပေါင်းသင်းဆက်ဆံမှုများတွင် ကွာခြားသွား နိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံရေးတွင် ပညာတတ်မြောက်ခြင်း၊ မတတ်မြောက်ခြင်းသည် နိုင်ငံရေးတည်ငြိမ်မှုအပေါ်တွင် သက်ရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေ ဖြင့် အတန်းပညာအားနည်းခဲ့သူများကို ပစ်ထား၍ရမည်မဟုတ်ဘဲ ကျောင်းပြင်ပပညာရေးနှင့် ဗဟုသုတရှာမှီးရေးအတွက် စာကြည့်တိုက်များ ဒေသအလိုက်ပြုလုပ်ပေးခြင်း၊ စာကြည့်တိုက် လုပ်ငန်းများကို အားပေးခြင်း၊ စာဖတ်ဝိုင်းများစီစဉ်ပေးခြင်း စသည့်ကျောင်းပြင်ပပညာရေးဖြင့် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်ချက်ရာခိုင်နှုန်းကို ကြည့်ပါက ပျမ်းမျှ ၃၅ ရာခိုင်နှုန်းခန့်သာ အောင်မြင်သူရှိပြီး ၆၅ ရာခိုင်နှုန်းခန့်သည် အောင်မြင်မှုမရှိသည်ကို တွေ့မြင်ရကြောင်း၊ ၎င်းတို့အတွက်လည်း မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို စဉ်းစားပေးရန်လိုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံတွင် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပြီး Polytechnic University များကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဖွင့်လှစ်ပေးခြင်း၊ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် လာမည့်နှစ်အတွင်း အခြေခံပညာအထက်တန်းအထိ ပညာသင် ကြားခဲ့သော်လည်း အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင်မှု မရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် Polytechnic Institute များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း၊ ပထမဆုံးအနေဖြင့် နေပြည်တော်၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်လည်း တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမရှိသေးသူများ တက်ရောက်နိုင်မည့် Polytechnic Institute တစ်နှစ်သင်တန်းမှစ၍ နှစ်အလိုက် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး လာမည့်ပညာ သင်နှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန် လိုကြောင်း၊ သင်ကြားပေးမည့် ဆရာ၊ ဆရာမများခန့်အပ်ရေး၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်း ရေးကိုလည်း ပြင်ဆင်ဆောင်ရွက်နေကြောင်း။
    ထို့နောက် ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် “ဒါကတော့ ပညာရေးနဲ့ ဆက်စပ်ပြီးတော့ လူသား အရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရဲ့ ၂၀၂၅ အလွန်မှာဖြစ်လာနိုင်မယ့် အခြေအနေကို ရှင်းပြ ခြင်းပဲဖြစ်ပါတယ်။ ဒါကပညာရေးအပိုင်းပေါ့။ မဖြစ်မနေကို ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ဖို့လို ပါတယ်။ ကျွန်တော်တို့ ပညာရေးအားနည်းတာလည်း မှန်ပါတယ်။ ပညာရေးအားနည်းတဲ့အတွက် ကြောင့် အစစအရာရာ ထိခိုက်စေတာကိုလည်း ငြင်းလို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ပညာရေးနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုရှိဖို့လိုပါတယ်။ ပြုပြင်ဖို့လိုပါတယ်။ ဒါကြောင့် မိဘ ပြည်သူများအနေနဲ့လည်း ပညာရေးကို အားပေးကြဖို့၊ ပညာရေး၊ သင်ကြားရေးနဲ့ ပတ်သက်လာရင် အနှောင့်အယှက်မပေးကြဖို့၊ ကလေးတွေကို ပညာရေးလမ်းကြောင်းပေါ်မှာ တင်ပြီးတော့မှ နိုင်ငံရဲ့တည်ဆောက်ရေး၊ ကျွန်တော်တို့သွားနေတဲ့ မျှော်မှန်းချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် လူသားအရင်းအမြစ်တွေအနေနဲ့ ကိုယ့်ကလေးတွေပါအောင် လို့  လုပ်ပေးကြဖို့လိုတယ်ဆိုတာလေး ကျွန်တော်ပြောချင်ပါတယ်” ဟု ပြောကြားသည်။
    ဆက်လက်ပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၂ သိန်း ၂ သောင်းကျော်ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ ယခုနှစ်အထိ အများဆုံးဖြေဆိုသည့် နှစ်ဖြစ်ကြောင်း၊ နောင်နှစ်များတွင် ဖြေဆိုမှုနှုန်းမြင့်လာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေး၏ အရေးကြီးမှုကို မိမိမကြာခဏပြောကြား ခဲ့ပြီး ပညာရည်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယခုကဲ့သို့ အနှောင့်အယှက်ကင်းကင်း အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့မှုအတွက် ပညာရေးဝန်ကြီးဌာန အပါအဝင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ နယ်မြေဒေသ၊ ကျေးရွာ၊ ရပ်ကွက်အလိုက် တာဝန် ရှိသူများအားလုံး၏ ဆောင်ရွက်ချက်များကို အလေးထားအသိအမှတ်ပြု ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
ဈေးကွက်လိုအပ်ချက်ရှိသည့် ပြည်တွင်းထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်၍ စီးပွားရေးအား ပေးမြှင့်တင်ရမည်
    စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက် နိုင်မည့် အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း အောင်မြင်အောင်လုပ်ဆောင် နိုင်ရန် အားနည်းလျက်ရှိကြောင်း၊ ဒေသတွင်း၌ ဈေးကွက်လိုအပ်ချက်ရှိသည့် ရော်ဘာနှင့် ရော်ဘာထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းမှ ထွက်ရှိသည့် ရော်ဘာအခြေခံကုန်ကြမ်းများကို အသုံးပြု၍ အဆင့်မြင့်ကုန်ချောထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ် စေနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် မိမိတို့နိုင်ငံပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံအနေဖြင့် လူဦးရေ ၁ ဒသမ ၄၂ ဘီလီယံကျော်၊ အိန္ဒိယနိုင်ငံအနေဖြင့် လူဦးရေ ၁ ဒသမ ၄၆ ဘီလီယံကျော်၊ အာဆီယံနိုင်ငံများ လူဦးရေ ၆၈၇ မီလီယံကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လူဦးရေ ၁၇၃ မီလီယံကျော်ရှိပြီး ကမ္ဘာ့လူဦးရေထက်ဝက်နီးပါးနေထိုင်ကြကြောင်း၊ အားလုံးဖိနပ်စီးကြကြောင်း၊ ဖိနပ်အတွက် ရော်ဘာ၊ သားရေလိုအပ်ချက်မည်မျှကြီးသည်ကို တွက်ကြည့်နိုင်ကြောင်း၊ အလား တူမိမိတို့နိုင်ငံတွင် မော်တော်ကားမျိုးစုံ ၁ သန်းခန့်၊ မော်တော်ဆိုင်ကယ်မျိုးစုံ ၅ သန်း ခန့်ရှိပြီး အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မြောက်မြားစွာရှိကြောင်း၊ ယင်းတို့အတွက် တာယာနှင့် ကျွတ်များစွာလိုအပ်မည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ကြောင်း။
    အဝတ်အထည်နှင့် ချည်မျှင်နှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုးသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်ရှိပြီးဖြစ်သည့် ချည်မျှင်နှင့် အထည်အလိပ်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဝါကို အခြေခံသည့် စက်မှုလုပ် ငန်းကိုသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှရရှိသည့် သားရေများဖြင့်လည်း တန်ဖိုးမြင့်အဝတ်အထည်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေထွက် သယံဇာတပစ္စည်းများနှင့် ပတ်သက်၍လည်း ဈေးကွက်လိုအပ်ချက်ကြီးမားစွာရှိနေသည့်အတွက် တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရန်လိုကြောင်း၊ အခြားစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုလည်း ပြည်တွင်း စားသုံးမှုဖူလုံအောင် ဒေသအလိုက် ဈေးကွက်လိုအပ်ချက်များကို စနစ်တကျတွက်ချက်မွေးမြူ ဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်များအလိုက် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ တင်ပို့နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်းပန်းတိုင်ရည်မှန်းချက်ပြည့်မီခြင်းနှင့် သီးထပ်စွမ်းအား ပြည့်မီခြင်း မရှိသည့်အတွက်လည်း နိုင်ငံတော်အနေဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဝင်ငွေထိခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး အတွက် ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်သွားကြရန်လို ကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်း၌ပင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီ၍ မည်မျှထိခိုက်မှုရှိသည်ကို တွက်ချက်ကြည့်ကြောင်း၊ စပါး၊ ပဲ၊ ပြောင်း စသည့် သီးနှံ ၁၀ မျိုးအား ယခုစိုက်ဧကနှင့်ပင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီသဖြင့် နိုင်ငံမှ ဝင်ငွေလျော့နည်းရရှိမှု အမေရိ ကန်ဒေါ်လာ ၈ ဘီလီယံကျော်ရှိကြောင်း၊ သီးထပ်စိုက်ပျိုးမှုမရှိ၍ ဆုံးရှုံးမှုများပါ ထည့်တွက်ပါက ၁၉ ဘီလီယံခန့်ရှိကြောင်း။
    ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများနှင့် ပတ်သက်၍လည်း ထိုသို့လုပ်ဆောင်မှုများကြောင့် ပြည်တွင်း၌ အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံ ခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်နိုင်မည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်မည်ဆိုပါကလည်း ကြီးပွားတိုးတက်နိုင်မည့် အခွင့်အလမ်းများရှိပြီးဖြစ်သဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အစား ပြည်တွင်း၌သာ အလုပ်လုပ်ကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ပြည်တွင်း၌ လုပ်ကိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကို နည်းပညာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ စက်မှုနည်းပညာများ စသည်တို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
    ကုန်ကြမ်းလိုအပ်မှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ဆန်၊ ပဲ၊ ပြောင်း စသည့်သီးနှံများ ကို ပြည်ပသို့ ကုန်ကြမ်းအတိုင်း တင်ပို့ကြကြောင်း၊ ပြောင်းကုန်ကြမ်းများကို တိရစ္ဆာန်အစာ၊ ပြောင်းကော်မှုန့် စသည်ကဲ့သို့သော တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲတင်ပို့နိုင်မည်ဆိုပါ က ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဆန်နှင့်ပဲကိုလည်း တန်ဖိုးမြှင့်ပို့ကုန်အဖြစ် ပြောင်းလဲတင်ပို့နိုင်ရန်လိုကြောင်း၊ အရည်အသွေးကောင်းမွန်သည့် ကုန်ချောများကို တင်ပို့ခြင်း ဖြင့် ဈေးနှုန်းများလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားတိုးပွား လာပြီး စားရေးလိုအပ်ချက်သည် နေ့စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အဓိကထားပြီး ရပ်တည်နိုင်သည့်နိုင်ငံတစ်ခု ဖြစ်နိုင်သည်ဖြစ်သည့်အတွက် စနစ် တကျသုံးသပ်ရှုမြင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ကောင်စီအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြ
    ဆက်လက်၍ ကောင်စီဝင်များနှင့် ကောင်စီတွဲဖက်အတွင်းရေးမှူးက မိမိတို့အစိုးရအဖွဲ့ ကျင်းပပေးမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဆောင်ရွက်နိုင်ရေး၊ တည်ရှိပြီးနိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်းနှင့် နိုင်ငံ ရေးပါတီအသစ်လျှောက်ထားခြင်းတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေ နှင့်အညီ အချိန်ပေးခြင်း၊ ပညာပေးခြင်း၊ အသိပေးခြင်း စသည့်လုပ်ငန်းစဉ်များအတိုင်း ဥပဒေ နှင့်အညီ စနစ်တကျဆောင်ရွက်ပြီး ဖြစ်သဖြင့် ဥပဒေအထက်၌ မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းမှ မရှိသင့်သဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်နိုင်ရေး၊ ယခုကျင်းပမည့်ရွေးကောက်ပွဲကို မည်သည့် စနစ်ဖြင့်ကျင်းပမည်၊ မဲပေးရမည့် နည်းလမ်းများနှင့် မဲပေးနိုင်ခွင့်ရှိသူများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ထုတ်ပြန်နိုင်ရေး၊ ကယားပြည်နယ်အတွင်း လက်နက်အားကိုးဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသူများကို ပြတ်ပြတ်သားသားချေမှုန်းပေးရေးနှင့် အကြမ်း ဖက် တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် ပြည်သူများ၏ အိုးအိမ်များ ပြန်လည်ဆောက် လုပ်ရန် အခက်အခဲများရှိသဖြင့် တန်ဖိုးနည်းအိမ်ရာများ ပြန်လည်တည်ဆောက်ပေးရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စည်းကမ်းလိုက်နာမှုမြင့်မားစေရေး၊ ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အတွင်း ဝဥတိုးချဲ့စိုက်ပျိုးပေးရေးနှင့် ဝဥကို အခြေခံသည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံတည်ဆောက်နိုင်ရေး၊ ကြိုတင်ဆန္ဒမဲနှင့်ပတ်သက်၍ ယခင်ရွေးကောက်ပွဲများတွင် ပြဿနာများစွာရှိခဲ့သဖြင့် ကြိုတင်မဲပေးနိုင်မည့် သတ်မှတ်အရည် အချင်းများအတိုင်းသာ တိကျစွာဆောင်ရွက်၍ သတ်မှတ်နေရာ၊ သတ်မှတ်အချိန်တို့ဖြင့် စည်းစနစ် ကျစွာ ဆောင်ရွက်ရေး၊ ယခုနှစ်အတွင်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့သော မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကို နိုင်ငံတော်အဆင့် ကျင်းပရေး၊ အလားတူ ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာ့သနပ်ခါးနှင့် ပတ်သက်၍လည်း လှုံ့ဆော်မှုများ နိုင်ငံတော်အဆင့် ဆောင်ရွက်ရေး ဆွေးနွေးတင်ပြကြသည်။
    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်စိစစ်ဆောင်ရွက်ရန် လိုအပ်မှု၊ ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီများအနေဖြင့်လည်း ဥပဒေနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင် နိုင်မှု၊ ပါတီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ဥပဒေအထက်တွင် မည်သူမျှမရှိ၍ ဥပဒေအတိုင်း သာဆောင်ရွက်သင့်မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတိုးတက်ကောင်းမွန် စေရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းခေါ်ယူမှုများကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံး ခဲ့သည့် မဲများသူအနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အပြင် အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေး လျာထား ကြောင်း၊ အားလုံးသဘောတူညီဆုံးဖြတ်ပြီးက တစ်နိုင်ငံလုံးကို အသိပေးမှုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု များကို ပြုလုပ်နိုင်ရေးအချိန်ကာလအားဖြင့် ၉ လခန့်ကျန်ရှိပြီး ကြိုတင်ပြင်ဆင်ချိန်ပေးသွားမည် ဖြစ်ကြောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကိုမထိခိုက်သည့် စနစ် ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရန်လိုကြောင်း၊ ပါတီများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးမှတ်ပုံတင်ခွင့်များကို အချိန်လုံလုံလောက် လောက်ပေး၍ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း။
    မြန်မာလူမျိုးများ၏ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးရေးအတွက် အဆိုပါဒေသတွင် နေထိုင်သူများတွင်သာ တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသားများတွင် တာဝန်ရှိကြောင်း၊ မြန်မာ့တန်ဖိုး မြှင့်တင်ရန်အတွက် မြန်မာပြည်တွင် နေထိုင်ကြသည့်သူများအားလုံးတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်သည့်ကာလအတွင်း လုံခြုံရေးကောင်းမွန် အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာများအားလုံး စည်းလုံးကြရန် မြန်မာ့တန်ဖိုး မြှင့်တင်ကြရန်လိုကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Post Paragraph
video-upload