နေပြည်တော် ဇွန် ၂၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် JICA (ရန်ကုန်ရုံး) မှ Project Formulation Adviser ဖြစ်သူ Mr. Kyota IIZUKA အား (၂၀-၆-၂၀၁၈) ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် JICA တို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း၏ စီမံကိန်းမူဘောင် (Project Design Matrix) တွင် ပါရှိသည့် စီမံကိန်းညွှန်ကိန်းကိစ္စရပ်များ၊ စီမံကိန်းရန်ပုံငွေ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။