ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA (ရှမ်း/မြောက်) စီမံကိန်း၏ Chief Adviser ဖြစ်သူ Mr. Satoru HAGIWARA လာရောက်တွေ့ဆုံ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA (ရှမ်း/မြောက်) စီမံကိန်း၏ Chief Adviser ဖြစ်သူ Mr. Satoru HAGIWARA သည် ယနေ့ နံနက် (၁၀:၀၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် JICA မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဆောင်ရွက်လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ရန်ပုံငွေ သုံးစွဲမှုအခြေအနေများ၊ ကျန်ရှိသည့် စီမံကိန်းကာလအတွင်း ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရပါသည်။

Post Paragraph