နေပြည်တော် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား Terra People Association (TPA) ၏ Project Manager ဖြစ်သူ Ms. Shibata Kyoko သည် ယနေ့ နေ့လည် (၁၃:၀၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် TPA မှ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်ရှိသည့် စီမံကိန်းကာလအတွင်း ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် အခြေအနေများ၊ TPA ၏ ဒေသဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း နားလည်မှုစာချွန်လွှာ သက်တမ်းတိုးဆောင်ရွက်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေး ပါသည်။