ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား WFP ၏ ဒုတိယဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Naoe Yakiya လာရောက်တွေ့ဆုံ

နေပြည်တော် မတ် ၇
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. Naoe Yakiya သည် ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် WFP မှ ၂၀၁၈ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ဆောင်ရွက်မည့် Country Strategic Plan နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် WFP တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

 

Post Paragraph