စက်တင်ဘာလ ရက်
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၁၄၉ ဒဿမ ၂၁၂ သန်းဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြို့ချောင်းကျွန်းပေါ်ရှိ မြို့ချောင်း - ကျောက်ခမောင်း ကျေးရွာချင်းဆက်မြေသားလမ်း ၂ မိုင်နှင့် အဆိုပါလမ်းပေါ်ရှိ Box Culvert ၈ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုကြောင့် မြို့ချောင်းကျွန်းပေါ်ရှိ ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၂၃၅၀ အိမ်၊ လူဦးရေ ၁၀၅၄၈ ဦးတို့အနေဖြင့် ကျောက်ဖြူမြို့နယ်သို့ လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်သဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စအဝဝအတွက် များစွာ အကျိုးပြုလျက်ရှိကြောင်း သတင်းရရှိသည်။