မိတ္ထီလာမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်ဥများ လှူဒါန်း

နေပြည်တော် သြဂုတ် ၂၄
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ထမုန်ကုန်ကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာ၊ ဝေဇယန္တာကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ၊ ကြက်ဥနှင့် အခြားစားသောက်ဖွယ်ရာများကို ဝေဇယန္တာအုတ်ကျောင်းတိုက် ဆရာတော် ဦးဝဏ္ဏိတထံ ဆက်ကပ် လှူဒါန်းခဲ့သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ ဒေသ အတွင်းရှိ သံဃာတော်များ ဆွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥများကို ဒေသအလိုက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
 

Post Paragraph