ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation(TNF) တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁.၆ သန်းဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်သက်တမ်းရှိ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်းပို့ချခြင်း စီမံကိန်းအား ၆-၁-၂၀၂၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး သင်တန်း ၁ ကြိမ်လျှင် သင်တန်းသား/သူ ၃၀ ဦး၊ သင်တန်းကာလ ရက်သတ္တ ၁၂ ပတ်ဖြင့် စီမံကိန်းကာလအတွင်း သင်တန်း ၁၀ ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း ၁ ကြိမ် လျှင် ထူးချွန်သင်တန်းသား/သူ ၁၅ ဦးကို ရွေးချယ်၍ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစေလွှတ်သွားမည် ဖြစ်ပါသည်။ စီမံကိန်းကာလအတွင်း ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း ၆ ကြိမ်အား သင်တန်းသား/သူ ၁၇၇ ဦး ဖြင့် ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းအမှတ်စဉ်(၇)အား သင်တန်းသား/သူ ၃၀ ဦးဖြင့် ရန်ကုန်မြို့၊ ဗဟို လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။