တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရေမြစ်ကြီး- ကင်းဆိုး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စုရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ရေမြစ်ကြီး-ကင်းဆိုး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ရေမြစ်ကြီး- ကင်းဆိုး ကျေးရွာချင်းဆက်လမ်း (၄/၀)မိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်တစ်မိုင်၊ အကျယ် ၁၂ ပေ၊ ဒုခုနစ်လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ဇွန်လကုန်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
 

Post Paragraph