နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၄) ကျောင်းမှ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ထူးချွန်ထက်မြက်သူများဖြစ်အောင် လေ့ကျင့်ပြုစု သင်ကြားပေးလျက် ရှိသည့် ပြည်နယ်/တိုင်းဒေသကြီးရုံး၊ ခရိုင်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်း ကျောင်းများမှ ကျောင်းအုပ်များ နှင့် ဒုတိယကျောင်းအုပ်များ၏  လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၃-၁၀-၂၀၁၇ ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊သင်တန်းသူ(၄၈)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအား ၂၃-၁၀-၂၀၁၇ ရက်နေ့မှ ၂၇-၁၀-၂၀၁၇ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။