အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင်(၃)

နိုင်ငံတကာအဖွဲ့အစည်းများနှင့်
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ခြင်း (Government to Government)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ (UN Agencies) နှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGO)နှင့်ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြစ်သည်။ 

standard

လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

လဟယ် နိုဝင်ဘာ ၁၄
    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် ရုံးအဖွဲ့များက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

standard

ပခုက္ကူမြို့၌ မျက်စိနာရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ပခုက္ကူ  နိုဝင်ဘာ ၁၁
    နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန  ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မျက်စိနာရောဂါဆိုင်ရာအသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ ၁၁ရက် နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။

standard

သရက်မြို့၌ မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြော

သရက် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးသရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပရာ ဒုတိယကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားများ တက်ရောက်သည်။

standard