နေပြည်တော် ၂၀၁၇ ခုနှစ် အောက်တိုဘာလ၁၉ရက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးသည်ဂျပန်နိုင်ငံ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ောင်ရွက်ရေး အေဂျင်စီ (JICA) တိုကျိုရုံးချုပ်မှမှ Deputy Director ဖြစ်သူ Mr. Kota SAKAGUCHI အား (၁၉-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် JICA မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် ဆောင်ရွက်လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းမှ ဆောင်ရွက်လျှက် ရှိသည့် အစားထိုးဖွံ့ဖြိုးတိုးတက်ရေးဆရာဖြစ်သင်တန်းဆိုင်ရာကိစ္စရပ်များ၊ ကျန်ရှိသည့် စီမံကိန်း ကာလအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ နောင်တွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သဘောထားအမြင်များ ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။