နေပြည်တော် မတ် ၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် (၇-၃-၂၀၁၇)ရက် နေ့မှ (၉-၃-၂၀၁၇)ရက်နေ့အထိ မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင် နှင့် ရေးမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ (၇-၃-၂၀၁၇)ရက်နေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)တွင် ဝန်ထမ်းများ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်ပြီး သင်တန်းကျောင်းဝန်;ရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ ဝန်ထမ်းအိမ်ရာများနှင့် စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ဆူးအင်းကျေးရွာအတွင်း (၁/၁)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် သထုံခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ မွန်ပြည်နယ်အတွင်းရှိ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားရာတွင် လုပ်ငန်းများအချိန်မှီ ပြီးစီးနိုင်ရေးအားလည်းကောင်း၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မှီရေးအား လည်းကောင်း၊ အရည်အသွေးကောင်းမွန်သော လုပ်ငန်းများဖြစ်မှသာ နယ်စပ်ဒေသရှိ ပြည်သူ လူထုများ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၈-၃-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ရေးမြို့နယ်အတွင်းရှိ ကလော့-ချောင်းတောင် မြေ/ကျောက်လမ်း (၃/၀)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းအား လည်း ကောင်း၊ ရေး-ခေါဇာသွားလမ်းမှ ကဗျာဝကျေးရွာအထိ (၂/၃)မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ရေး)အားလည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ရေး)အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဆက်လက် ထွက်ခွာခဲ့ရာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် (၉-၃-၂၀၁၇)ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ မဲလံ(အောက်)ကျေးရွာနှင့် ဖားကဒူးကျေးရွာချင်းဆက် ကတ္တရာလမ်း(၂/၃)မိုင်ခင်းခြင်း လုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးမှ မှာကြားရာ ကုမ္ပဏီများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားဆောင်ရွက်မှသာ ကျေးရွာပြည်သူ လူထုများ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိဝန်ထမ်းများမှလည်း လုပ်ငန်းများကြီးကြပ်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မှီသော လမ်းဖြစ်စေရေးအတွက် ဖောက်စစ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလနှင့် တင်ဒါပါ စည်းမျဉ်းစည်းကမ်းပါအတိုင်း အချိန်မှီပြီးစီးအောင် ဂရုစိုက်ဆောင်ရွက် သွားရန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။