နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်ဦးရဲနိုင်မှ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ  ၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးရဲနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် (၂-၂-၂၀၁၈) ရက်နေ့မှ (၅-၂-၂၀၁၈) ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ် အတွင်းရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ် ဆောင်ပြောင်း-တောင်မဲသင်း-လုံးပြင် (၃/၀)မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်းနှင့် ဖယ်ခုံမြို့နယ်ရုံးရှိ (၂)ခန်းတွဲဝန်ထမ်းအိမ်ရာနှင့် လက်ထောက်ညွှန်ကြားရေးမှူးနေအိမ် တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
    ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ခူးပရာ-ဘီသူ(အထက်)-ဘီသူ(အောက်) (၆/၄)မိုင်ကျောက်လမ်းခင်းခြင်း လုပ်ငန်းအား လည်းကောင်း၊ ခူးပရာ-ကန်ကလုပ်-စနိုက်(ခေါင်းကိင်) (၇/၄)မိုင် ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ခူးပရာ-ဘာဒို-ဆီဘောင် (၂/၃)မိုင် ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ခူးပရာ-ဒေါရောက်ခူ(၅/၀)မိုင် ကျေးရွာချင်းဆက် မြေသားလမ်း (၅/၀)မိုင် ဖောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအရည်အသွေးပြည့်မှီရေး၊ စံချိန်စံညွှန်းကိုက်ညီမှုရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ထိုမှတဆင့် ပန်ပက်ကျေးရွာ ရေရရှိရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်ပက်ကျေးရွာ  ရွမ်းကူဘုန်းကြီးကျောင်းရှိ ရေလှောင်ကန်များ တည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၄င်းနောက် လွိုင်နန်းဖ- ဝါသောခို (ရွာဟောင်း) ကျေးရွာချင်းဆက်လမ်း (၂/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
    ထို့နောက် အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် ဖရူဆိုမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဆောက်လုပ်နေမှုနှင့် ဖားဆောင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ၀န်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပြီးနောက် ဖားဆောင်းခဲမဖြူ ဘော်ဒါဆောင် (ကြယ်ဖြူပညာရေ:ရိပ်သာ)သို့ရောက်ရှိစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ဆက်လက်၍ အမြဲတမ်းအတွင်း၀န်နှင့်အဖွဲ့သည် မယ်စဲ့မြို့နယ်သို့ရောက်ရှိပြီး မယ်စဲ့မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးရှိ ၀န်ထမ်းများနှင့် တွေ့ဆုံပြီး ရုံး၀င်းအတွင်းလှည့်လည်ကြည့်ရှုစစ်ခဲ့ပြီးနောက် မယ်စဲ့မြို့နယ်ဆေးရုံတွင် ၃၂လက်မ Samsung Flat TV (၁)စုံ ထောက်ပံ့လှူဒါန်းခဲ့သည်။ ထိုမှတဆင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘောလခဲ)နှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဘောလခဲ)ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
    အမြဲတမ်းအတွင်း၀န်နှင့်အဖွဲ့သည် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လွိုင်ကော်)ရှိ ၀န်ထမ်းများအားအားတွေ့ဆုံမှာကြားခဲ့ပြီးနောက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ လွယ်ပြား-နန်းပါ-ထာမော့ (၃)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

Post Paragraph