ဇူလိုင် ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မုဒုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိဝန်ကြီးသည် ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ ၄ ရပ် ဖြစ်သည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်သားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး စသည့် မူဝါဒများ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတည်ဆောက် ရမည်ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ပညာရပ် များကို ကြိုးစားလေ့လာ သင်ယူသွားကြရန်နှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအဖြစ် ဆောင်ရွက် သွားနိုင်ရေးမှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ သင်တန်းခန်းမများ၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ သင်တန်းသူများ၏ လက်တွေ့ လေ့ကျင့်သင်ကြားနေမှု နှင့် သင်တန်းဆင်း သင်တန်းသူ ၃ ဦး၏ စက်ချုပ်ဆိုင် ဖွင့်လှစ်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ် သည့် ကလွီရွာရှောင်လမ်း ၈၂၈၂ ပေ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ဒေသကြီးကြပ်ရေးမှူး၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်ချက်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး သို့ ရောက်ရှိခဲ့ပြီး ဒေသကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ အရာရှိက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား လည်းကောင်း၊ အသီးသီးရှင်းလင်း တင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ရုံးဝင်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံအရာရှိက ရှင်းလင်းတင်ပြမှု အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.