နေပြည်တော် ဇန်နဝါရီ ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော် ၊ ဆီ ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း ၊ သာမဏေများအတွက် ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာအထောက်အကူပြု ပစ္စည်းများနှင့်အင်အားဖြည့် အစားအစာများကိုထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်ဇော်၊ မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စွာမင်း၊ မြိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစံနှင့် ဝန်ထမ်းများက မြိတ်မြို့ပြည်သူ့ဆေးရုံ ကြီးတွင် ဖွင့်လှစ်ထားရှိသည့် Covid Center သို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ၊ ဆေးဝါး များ၊ အင်အားဖြည့် အစားအစာများနှင့် ရေသန့်များ ထောက်ပံ့လှူဒါန်းရာ အဆိုပါ ပြည်သူ့ဆေးရုံကြီးမှ ဒုဆေးရုံအုပ် ဒေါက်တာတင်အောင်ဝင်း နှင့် သူနာပြုဆရာမကြီး ဒေါ်ခင်ဌေးတို့ က လက်ခံရယူသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ Church ကျောင်းများနှင့် ကိုဗစ်-၁၀ကုသရေးစင်တာများသို့ လှူဒါန်းမှု များကို ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန မှ ဘုန်းကြီးကျောင်းများ ၊ Church ကျောင်းများ နှင့် ကိုဗစ်-၁၉စင်တာများသို့ ထောက်ပံ့လှူဒါန်း
Post Paragraph
Paragraph Images