နေပြည်တော် ဖေဖော်ဝါရီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား Terra People Association (TPA)၏ Country Representative ဖြစ်သူ Ms. Shibata Kyokot သည် ယနေ့ နေ့လည် (၁၄:၃၀)နာရီတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် TPA မှ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်ရှိသည့် စီမံကိန်းကာလအတွင်း ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် အခြေအနေများ၊ TPA ၏ ဒေသဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း နားလည်မှုစာချွန်လွှာ သက်တမ်းတိုးဆောင်ရွက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။