နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းဆင်းပွဲ

   မူဆယ်ခရိုင်၊ မူဆယ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉း၀၀နာရီက ပြုလုပ်သည်။
   အဆိုပါသင်တန်းဆင်းပွဲတွင်  မူဆယ်ခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အမှာစကား ပြောကြားပြီး အိမ်တွင်းမှုသင်တန်းကျောင်းအုပ်ကြီး ဒေါ်နန်းစောရင်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး သင်တန်းဆင်း အောင်လက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပေးအပ်ချီးမြှင့်ပြီး ထူးချွန်သောသင်တန်းသူများအား ဆုချီးမြှင့်ပြီးနောက် သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရပါသည်။
 

Post Paragraph